ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝင်းအတွင်း စာသင်ဆောင်နှင့် အိပ်ဆောင် တည်ဆောက်ခြင်း လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငါန်းဇွန်   ဩဂုတ်  ၁၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဝင်း အတွင်း စာသင်ဆောင်နှင့် အိပ်ဆောင်တည်ဆောက်ခြင်းလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ၂ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအဆောက်အဦးများမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာနမှ အာရှဖွံ့ဖြိုးရေးဘဏ်၏ ထောက်ပံ့မှု ဖြင့် (EYE- Project) စီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စာသင်ခန်း (၄) ခန်း၊ စာကြည့်တိုက် (၁) ခန်း၊ ဆရာ၊ ဆရာမများ နားနေခန်း (၁) ခန်းနှင့် သိပ္ပံလက်တွေ့ခန်း (၁) ခန်း စုစုပေါင်း (၇) ခန်း ပါဝင်သည့် (အလျား ပေ ၁၅၀၊ အနံ ၆၀ ပေ)စာသင်ဆောင်နှင့် ကျောင်းသားကျောင်းသူ (၆၀) ဦးဆံ့ အိပ်ဆောင် (အလျားပေ ၂၀၀၊ အနံ ၉၉ ပေ)၊ ရေ၊မီး၊ သန့်စင်ခန်းအပါအဝင် အဆောက်အဦးတို့ဖြစ်ပြီး ခွင့်ပြုငွေ (၅၅၄၂ ဒသမ ၇)ကျပ်သိန်းဖြင့် အောင်မြင်မြန်မာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျှက်ရှိရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သဲစုဝေနှင့် တာဝန်ရှိသူ များက ဆောက်လုပ်နေမှုများအပေါ် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စံချိန်မီအရည်အသွေးပြည့်မီရေးလိုအပ်သည်များ ဆောင်ရွက်ရန် အောင်မြင်မြန်မာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရ သည်။                                                                               

သက်နောင်ဦး(ငါန်းဇွန်)