ဘောလခဲမြို့ပေါ်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

ဘောလခဲ သြဂုတ် ၁၀

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ဘောလခဲမြို့ အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက် အတွင်း အချိန်မီ မဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများသို့ တစ်အိမ်တက်ဆင်း မြေပြင် ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်မှ စတင်၍ ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ခရိုင်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်လှကြည်နင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ ကြသည်။

ထိုသိုစစ်ဆေးရာတွင် ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးနှင့်ရှမ်း စုစည်းရပ်ကွက် တို့ကိုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင်ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရပ်/ကျေးစာရေးများက ပြုစုထားရှိပြီးဖြစ်သည့် မဲဆန္ဒရှင် စာရင်းများ တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် မှန်ကန်မှု ရှိ/မရှိ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားပါ အချက်အလက်မှန် ကန်မှု ရှိ/မရှိ၊ မဲစာရင်း၌ အမည် (သို့မဟုတ်) နေရပ်နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များ မှားယွင်းမှု ရှိ/မရှိ၊ မဲဆန္ဒရှင် စာရင်းများ ကျန်ရှိမှုရှိ/မရှိ စစ်ဆေးပြီး မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက ပုံစံ() ပုံစံ() ပုံစံ(-)တွင် ဖြည့်စွက်ပြီး ရပ်/ကျေး ကော်မရှင် ဖွဲ့ခွဲသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့သွားစေရေး ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ရက်တွင် အချိန်မီပြီးစီးရေး တွန်းအားပေး ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

လှရွှေ