မြိတ် သြဂုတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာနှင့် ပပြင် ကျေးရွာအုပ်စု၊ ဘဲမဒီကျေးရွာတို့တွင် Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် မြေသားရေမြောင်းတူးဖော်ခြင်း၊ ရေပိုက်သွယ်တန်းခြင်းနှင့် အုတ်စီရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်နုနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါဝါခိုင်(မြိတ်ခရိုင်ပြန်/ဆက်)