ကျီခါးမြို့တွင် အသိပေးကြေညာ ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းအား ပြည်သူများလာရောက် ကြည့်ရှုပြီး ပုံစံများရယူ ပြင်ဆင်ခြင်းများ ဆောင်ရွက်

ကျီခါး  ဩဂုတ်  ၁၀

၂၀၂၀ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒပြု‌မဲပေးနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ချင်းပြည်နယ်၊ ကျီခါးမြို့ပေါ် ရပ်ကွက်(၂)ခုရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဇူလိုင်လ(၂၅)ရက်နေ့မှစတင်၍  အသိပေးကြေညာ ကပ်ထားလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုခဲ့ကြပြီး ပုံစံများရယူပြင်ဆင်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းကို ပြည်သူများ ပုံမှန်လာရောက်ကြည့်ရှုခဲ့ကြပြီး စတင်ကြေညာ ကပ်ထားပေးသည့် ဇူလိုင်လ(၂၅)ရက်နေ့မှ ယနေနံနက်အထိ မဲစာရင်းတွင် မိမိအမည် မပါ၀င်သောကြောင့် ပုံစံ(၃)ဖြင့် လာရောက်လျှောက်ထားသူ (၄၈)ဦး၊ မဲစာရင်းတွင် မပါသင့်သဖြင့် ပုံစံ(၄)ဖြင့် ကန့်ကွက်လာသူ (၂၂)ဦးနှင့် ကိုယ်ရေးအချက်အလက် မှားယွင်းသောကြောင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် လာရောက်လျှောက်ထားသူ (၁၀)ဦးရှိကြောင်း ကျီခါးမြို့ ရပ်ကွက်စာရေးများ ထံမှသိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)