နမ္မတူ ဩဂုတ် ၁၀
နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၉)စုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန ရုံးမှ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ထောက်ပံ့ပေးအပ်ခြင်းကိုယနေ့ နံနက် (၁၀)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မြို့လယ် ဓမ္မာရုံ၌ ဆောက်ရွက် ခဲ့ပါသည်။
ထိုသို့ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနရုံးမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းတို့က လီဆူး (IDP)စခန်း၊ ကချင် (IDP) စခန်းနှင့် ကြူဆော့ (IDP)စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၁၂၉)စုအတွက် တစ်အိမ်ထောင်လျှင် ဆီ (၁)ပိဿာ၊ ဆား (၅၀)ကျပ်သား၊ ကုလားပဲ (၁)ပိဿာနှုန်းဖြင့် စုစုပေါင်းဆီ (၁၂၉)ပိဿာ၊ ဆား (၆၅)ပိဿာ (၅၀)ကျပ်သား၊ ကုလားပဲ (၁၂၉)ပိဿာနှင့် ဆန်အိတ် (၈၇)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ နမ္မတူမြို့နယ် တိုက်ပွဲရှောင် စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စုများ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
လူမော် (ပြန်/ဆက်)