၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ကျိုက်လတ်စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာ

ကျိုက်လတ်  ဩဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ စာစစ်ဌာန()ခုတွင် ယနေ့နံနက် နာရီကစ၍ ၂၀၂၀ ပြည့်နှစ် မတ်လ၌ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန် ကြေညာထားသည်။

ကျိုက်လတ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့် (၁၉)ကျောင်းနှင့် အလွတ်ဖြေဆိုသူများ၏ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို စာစစ်ဌာနအလိုက် ထုတ်ပြန်ကြေညာ ပေးထားခြင်းဖြစ်သည်။

ကျိုက်လတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသူစုစုပေါင်း (၃၁၁၆) ဦးရှိပြီး၊ အောင်မြင်သူ (၈၅၈)ဦး ရှိကြောင်းနှင့် မြို့နယ်၏ စုစုပေါင်း အောင်ချက်ရာခိုင်နှုန်း (၂၇.၅၄%) ဖြစ်သည်။

ဂုဏ်ထူးရရှိမှု အခြေအနေများမှာ ငါးဘာသာ ဂုဏ်ထူးရှင်()ဦး၊ လေးဘာသာ ဂုဏ်ထူးရှင်()ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ()ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်(၅၂)ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင်(၁၃၆)ဦး ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ရီရီမြင့် (ပြန်/ဆက်)