ပုံပါကျင် ဩဂုတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေ ထွေ ရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နားကောင်းမူး ကျေးရွာနယ်မြေခံတပ်ရင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများတွင် ပုံပါကျင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်စွာနှင့် ဝန်ထမ်းများက နားကောင်းမူးကျေးရွာနယ်မြေခံတပ်ရင်းရှိ နိုင်ငံသားကတ် ပျောက်ဆုံး သူများနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား သတ်မှတ်ချက်များနှင့်ပြည့်စုံပါက ဆောင်ရွက်ပေးနိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးသူ(၅၅)ဦးနှင့် အသက်(၁၈)နှစ် ပြည့်ပြီး အသစ်ပြုလုပ်သူ (၆) ဦးတို့ကို လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် Social Distancing ဖြင့် စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒီ(ပြန်/ဆက်)