မိုင်းဖြတ် သြဂုတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စာပေးချစ်မြတ်နိုးသူများအသင်း(Book Club)မှ ပန်းလိုချင် အပင်ပျိုးတတ်မှစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဦးမျိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာလယ်တွင်း သားစောချစ် ၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ”စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရာ မြို့နယ်ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရာဝင်းထွန်းက မိဘနှင့်ဥယျာဉ်မှူး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးရဲသူရအောင် က ကလေးနှင့်ပတ်ဝန်းကျင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးလင်းကိုဖြိုးက အလိုလိုက် အမိုက်စော် ကားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ ကြသည်။
စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဦးမျိုးတင့်နှင့်အသင်းဝင်များ၊ မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီမှူးနှင့် ဝန်ထမ်းများ၊ Youth Clubအဖွဲ့ဝင်များ၊ Youth For youth လူငယ်များ၊ စာဖတ်ပရိတ်သတ်များတက်ရောက်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)