နောင်ချို သြဂုတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက COVID-19၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေး စီမံချက် (CERP) အရဖွင့် လှစ်သော တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းသန့်မှ လည်းကောင်း၊ သရက်ကုန်းကျေးရွာ၌ ဒုတိယဦးစီးမှူး ဒေါက်တာသန်းထွန်းဇော်မှလည်းကောင်း၊ နားမုံ ကျေးရွာ ၌ ဒုတိယဦးစီးမှူး ဒေါက်တာမြင့်လွင်တို့မှလည်းကောင်း အဖွဲ့(၃)ဖွဲ့ခွဲကာ (၁၀-၈-၂၀၂၀) ရက်နေ့မှ (၁၂-၈-၂၀၂၀) ရက် နေ့ထိ သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းဖွင့် လှစ်ရခြင်းနှင့် ပတ်သက်၍ " တိရစ္ဆာန်မွေးမြုရေး လုပ်ငန်းလုပ်ကိုင်သူများအား မှန်ကန်တိကျပြီး လက်တွေ့ ကျသည့် တိရစ္ဆာန် ကာကွယ် ထိန်းချုပ်မှုနည်းလမ်းများ၊ တိရစ္ဆာန်မွေးမြူရေးနည်းလမ်းများကို ဖြန့်ဝေပေး နိုင်ရန်၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများအား COVID-19၏ ထိခိုက်မှုများမှ ကြံ့ကြံ့ခိုင်နိုင်စေရေး ပံ့ပိုးပေး ရန်၊ ပြည်သူများကို ဘေးကင်းပြီးအာဟာရပြည့်ဝသည့် အသားများ စဉ်ဆက်မပြတ်ပံ့ပိုးပေးနိုင်ရန်၊ ပညာ ပေးသင်တန်းများမှတစ်ဆင့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်လာ နိုင်စေရန် " ရည်ရွယ်၍ ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဇော်မင်းသန့်၏ ပြောကြား ချက်အရသိရသည်။ ယနေ့ဖွင့်လှစ် သော သင်တန်းများကို COVID-19ထိန်းချုပ် ကာကွယ်ရေးအစီအစဉ်အရ သင်တန်းတစ်နေရာစီတွင် သင်တန်းသား (၂၀)ဦးသာ ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ် ( နောင်ချို၊ ပြန်/ဆက်)