မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

လင်းခေး   သြဂုတ်  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး community centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် လင်းခေးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများစာရင်း ပြည့်စုံမှန်ကန်မှုရရှိရေး၊ အဖွဲ့ဝင်များ အတွင်းမှ နွမ်းပါသူများအား ထောက်ပံ့မှုများရရှိရေး၊ ၂၀၂၀ အ‌ထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်မှု အခွင့်အရေး မဆုံးရှုံးစေရေး၊  ခြေလက်မသန်စွမ်းသူများ၏ ခြေတု၊ လက်တုများ အသစ်ရရှိရေးများအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆွေးနွေးညှိနှိုင်းပွဲတွင် လင်းခေးမြို့နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ အတွင်းရေးမှူး ဦးဝင်းလှိုင် နှင့် အဖွဲ့ဝင် (၈)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

နန်းမိုခမ်း(လင်းခေး၊ပြန်/ဆက်)