မိုင်းငေါ့ ဩဂုတ် ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှု ရာခိုင်နှုန်းမှာ ၁၉.၅၁ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မိုင်းငေါ့မြို့မှ အတွင်းဖြေဆိုသူ (၃၈)ဦး၊ ပြင်ပဖြေဆိုသူ (၃)ဦး စုစုပေါင်း(၄၁)ဦး ဖြေဆိုခဲ့ကြရာ အောင်မြင်မှုအနေဖြင့် အတွင်းဖြေ(၇)ဦး၊ ပြင်ပဖြေ (၁)ဦး စုစုပေါင်း (၈)ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ပြန်/ဆက်)