စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်း ဘက်ထရီလျော့တိုက်ငါးဖမ်းဆီးမှုများအား ရှောင်တခင်စစ်ဆေး

စဉ့်ကူး  ဩဂုတ်  ၁၀

စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်း ငါးသယံဇာတများ ပြုန်းတီးမှုမရှိစေရေး၊ ဧရာဝတီလင်းပိုင်များ ထိန်းသိမ်းစောင့်ရှောက်ရေးတို့ အတွက် ဘတ္ထရီရှော့တိုက်ငါးဖမ်းဆီးမှုများအား ယမန်နေ့နံနက် ၇ နာရီအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးနေလင်း ဦးဆောင်သော ခရိုင်နှင့် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးမှု ရှောင်တခင်ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက် ဆောင်ရွက်မှုများ မကြာခဏ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်မျိုးဝေ( စဉ့်ကူး)