ပြင်ဦးလွင်မြို့နယ်၌ ကျွဲ၊ နွားကောင်ရေ ၈၀ အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ပြင်ဦးလွင် ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေတောင်သူများ တစ်ပိုင်တစ်နိုင် မွေးမြူ ထားသော ကျွဲ၊ နွား တိရစ္ဆာန်များ ရောဂါကင်းဝေးစေရန်အတွက် ကျွဲ၊နွားအကောင်ရေ ၈၀ အား လည်ချောင်းကွဲ ရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီမှစ၍ ညောင်နီကျေးရွာအုပ်စု ရွှေမြင့်သာကျေးရွာအတွင်း ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရ သည်။           

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မိုးအေး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တိရစ္ဆာန် ကျန်းမာရေး အကူလုပ်သားများပါဝင်ပြီး ညောင်နီကျေးရွာအုပ်စု၊ ရွှေမြင့်သာ ကျေးရွာအတွင်းရှိ ကျွဲ၊နွား အကောင်ရေ ၈၀ အား နံနက် ၇ နာရီမှစ၍ ကွင်းဆင်းထိုးနှံပေးခဲ့ရာ နံနက် ၁၀ နာရီ ခန့်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

မြတ်ဆုမွန်