နမ့်စန်(တ) ဩဂုတ် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင်၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများ ကို ဩဂုတ်လ ၁၀ ရက် နံနက် ၆နာရီက နမ့်စန် အ.ထ.က စာစစ်ဌာနနှင့် ခိုလမ် အ.ထ.က စာစစ်ဌာနတို့တွင် ထုတ်ပြန်ကြေငြာခဲ့ရာ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့် ကျောင်း(၆)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်း ကျောင်း(၁) ကျောင်း တို့မှ ကျောင်းသားကျောင်းသူများနှင့် ပြင်ပဖြေဆိုသူများအပါအဝင် စုစုပေါင်း ၁၁၄၅ ဦးဖြေဆိုခဲ့ပြီး ၃၁၆ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ဂုဏ်ထူးရရှိမှုအနေဖြင့် ၃ ဘာသာဂုဏ်ထူးရှင် (၁) ဦး ၊ ၂ဘာသာ ဂုဏ်ထူးရှင် (၁) ဦး နှင့် ၁ ဘာသာ ဂုဏ်ထူးရှင် (၅၉)ဦး ပါရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
သူရအောင်(ပြန်/ဆက်)