ဟင်္သာတ ဩဂုတ် ၁၀
ဟင်္သာတမြို့နယ်တွင် ဦးမိုးလေးဖြတ်တာ(၁) မြစ်ကမ်းပါးပြိုကျပြီး ရေဝင်ရောက်သဖြင့် နေအိမ်ရွှေ့ပြောင်းခဲ့ရသော အိပ်ပျက်ကျေးရွာအုပ်စုရှိ ဖောင်ဆိပ်၊ ငှက်ပျောတောနှင့် တာငုတ်ကျေးရွာမှ အိမ်ထောင်စု များကို ယနေ့နံနက်ပိုင်းက ကျုံလဟာပရဟိတ အဖွဲ့များက သောက်ရေသန့်ဘူးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုကို ပဲခူးတိုင်းဒေသကြီး၊ ကျုံလဟာအကျွတ်အလွတ်ဆရာတော် ဦးဆောင်မှုဖြင့် ပရဟိတအဖွဲ့များ က ဖောင်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ရေဘေးကာကွယ်ရေးကွပ်ကဲမှုအဖွဲ့(၂) တာဝန်ရှိသူများထံ သောက်ရေ သန့် တစ်လီတာပါ (၆)ဘူးကဒ် (၃၈၉)ကဒ်တို့အား ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)