မိုးမိတ် ဩဂုတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မန်ကျည်းပင်ကျေးရွာတွင် အမှတ် (၉၆) စက်မှုလယ်ယာစခန်း(ခွဲ)မှ ကြီးမှူးဖွင့်လှစ်သော လယ်ယာသုံး စက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျေးရွာ ဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က မိုးမိတ်မြို့နယ်အတွင်းရှိ တောင်သူများအား ခေတ်မှီလယ်ယာသုံး စက်ကိရိယာများကို စနစ်တကျမောင်းနှင် ထိန်းသိမ်း တတ်စေရန်နှင့် အပတ်စဉ်နာရီအလိုက် ထိန်းသိမ်းကြံ့ ခိုင်မှုပြုလုပ်ရမည့် အခြေခံလုပ်ငန်းစဉ်များကို သိရှိနာလည်စေရန်ဖွင့်လှစ် ပို့ချခြင်း ဖြစ်သည့် အတွက် သင်တန်းမှ ပို့ချချက်များကို ဂရုတစိုက်လေ့လာမှတ်သားကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဇော်က သင်တန်းသားများအား မိုးမိတ်မြို့ သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့်မြို့ဖြစ်သည့်နှင့်အညီ ယခင်က ကျွဲ၊ နွားများ ခိုင်းစေ၍ လုပ်ဆောင်ခဲ့ကြရာ ယခုအခါ စက်ပစ္စည်းအစားထိုး ခေတ်မှီလယ်ယာသုံး စက်ကိရိယာ များကိုအသုံးပြုလာကြသည့်အတွက် ယနေ့ဖွင့်လှစ် သောသင်တန်းသည် ဒေသခံတောင်သူများ အတွက် များစွာအကျိုးရှိမည့် သင်တန်းဖြစ်သည့်နှင့်အညီ သင်တန်းပို့ချချက်များ လေ့လာ မှတ်သားခြင်းဖြင့် လက်တွေ့နယ်ပယ် တွင် အသုံးဝင်မည့်ဖြစ်သည့်အတွက် သင်တန်းပြီးဆုံး အောင် တက်ရောက်ကြစေလိုကြောင်းပြောကြားခဲ့ပြီး ကျောက်မဲမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးနိုင်က သင်တန်းသားများအတွက် သင်ထောက်ကူ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကျေးလက်သင်တန်းသား (၃၀)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ဩဂုတ် လ ၁၀ ရက်မှ ၂၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေး သွားမည်ဖြစ် ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)