မော်လမြိုင်ကျွန်း ဩဂုတ် ၁၀
လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့ ပြည်သူလူထုအခြေပြု စေတနာ့ဝန်ထမ်းများ၏ တီဘီရောဂါ တိုက်ဖျက်ရေး သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့က မော်ဧရာခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းကို မြို့နယ်တီဘီရောဂါ တိုက်ဖျက်ရေးတာဝန်ခံများနှင့် ပူးပေါင်းဖွင့်လှစ်ပြီး သင်တန်း ဖွင့်လှစ်ပေးခြင်းအားဖြင့် ကျန်းမာရေး ဆေးပေးခန်းများနှင့် အလှမ်းဝေးသည့် နေရာများတွင် ပြည်သူလူထုအတွက် အသိပညာတိုးပွားစေရန် ဗဟုသုတ ဖြန့်ဖြူးပေးနိုင်ခြင်း၊ ပြည်သူများအတွက် ကျန်းမာရေးနှင့် ပတ်သတ်သည့် အပြုအမူ၊ အလေ့အထများ ပြင်ဆင်၍ လူသားတိုင်း ရောဂါကင်း၍ ကျန်းမာသည့် ကိုယ်ခန္ဓာ ပိုင်ဆိုင်နိုင်ကြောင်း မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်နုက ပြောကြားသည်။
သင်တန်းကာလမှာ နှစ်ရက်ဖြစ်ပြီး မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့မှ သင်တန်းသူ (၂ဝ)ဦး တက်ရောက် ကြကြောင်း သိရသည်။
သီတာအောင်(ပြန်ဆက်)