မိုင်းပျဉ်း ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းလျှန်းကျေးရွာအုပ်စု၊ ပါထမ်ကျေးရွာနှင့် ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်မတ်ကျေးရွာတို့တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်အဖော်ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးလက် ဆေးပေးခန်းနှင့် မူကြိုကျောင်းတည်ဆောက်မှု လုပ်ငန်းများမှာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပါထမ်ကျေးရွာတွင် ကျေးလက်ဆေးပေး ခန်းအလျား (၃၀)ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၁၂) ပေနှင့် ဝမ်မတ် ကျေးရွာတွင် အလျား(၃၀)ပေ၊ အနံ(၁၅)ပေ၊ အမြင့်ပေ ( ၁၂)ရှိ မူကြိုကျောင်းဆောက် ဆောက်လုပ်ခြင်းလုပ်ငန်း တို့ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ(VDP)စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၀၀)နှင့် ပြည်သူ လူထုထည့်ဝင်ငွေများစုပေါင်း၍ မတ်လ ၃ ရက်နေ့မှစတင်ကာ ကျေးရွာဖွံဖြိုးရေးစီမံကိန်းကော်မတီနှင့် ကျေးရွာ ပြည်သူလူထုကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ပြီးစီးခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။
ယင်းလုပ်ငန်းများ ပြီးစီးသောကြောင့် မြို့နှင့် အလှမ်းကွာဝေးကာ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော ကျေးရွာ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ကလေးငယ်များ၏ ပညာရေး တိုးတက်ဖွံ့ဖြိုးလာမှုများအတွက် များစွာ အကျိုးရှိနိုင်တော့မည်ဖြစ် ကြောင်း သိရသည်။
မေမွန်ထွဋ် (ပြန်ဆက်)