မဘိမ်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မဘိမ်း     ဩဂုတ်     ၁၁        

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပြဌာန်းလိုက်သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေဆိုင်ရာအချက်အလက်များ ပြည်သူများအား သိရှိလိုက် နာစေရန်အတွက်  ယာဉ်စည်း ကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့က ကုန်းခါးရပ်ကွက်၊ လမ်းဆုံ ပန်းခြံတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြတ်မင်းကျော်၊ စခန်းမှူး ဒုရဲမှူး ရဲညွန့်ထွေးနှင့် အဖွဲ့ဝင်များက မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် ၂၀၂၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းလိုက်သော  ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဥပဒေဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြေကြားခဲ့ကြသည်။

မဘိမ်းမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများကို ယာဉ်တိုက်မှုများ လျော့နည်းလာစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ပညာပေးကာလအဖြစ် သတ်မှတ် ဆောင်ရွက် ကာ ပညာပေးကာလပြည့်မြောက်ပါက အမှန်တကယ်စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)