၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး (၁၀)ဦးတွင် မိုးညှင်းမြို့နယ်မှ (၂)ဦးအထိ ပါဝင်ပြီး အောင်ချက် ၃၂ ဒသမ ၇၆ ရာခိုင်နှုန်းရှိ

မိုးညှင်း ဩဂုတ် ၁၁

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာရ ဩဂုတ်လ ၉ ရက်နေ့ နံနက် ၁၂နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး (၁၀)ဦးစာရင်းတွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်မှ ကျောင်းသူ ()ဦးပါဝင်ခဲ့ပြီး တစ်မြို့နယ်လုံး အောင်ချက် ၃၂ ဒသမ ၇၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ ဒေါ်ခင်သန်းမူ ကိုယ်ပိုင်ကျောင်းမှ ခုံအမှတ် ကညပ ၁၄၈၁ ဖြင့်ဝင်ရောက် ဖြေဆိုခဲ့သည့် မသန္တာဦးသည် ()ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး (၁၀)ဦးစာရင်းတွင် အဆင့်()နေရာမှ လည်းကောင်း၊ လယ်မှီးအခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)မှ ကညမ ၁၃၄၅ ခုံနံပါတ်ဖြင့် ဝင်ရောက်ဖြေဆိုခဲ့သည့် မလွမ်းနောက ()ဘာသာဂုဏ်ထူးဖြင့် အဆင့်(၁၀)နေရာမှလည်းကောင်း အသီးသီး အောင်မြင်ခဲ့ကြသည်။

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မိုးညှင်းမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၆၁၁၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၀၀၂ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၇၆ ရှိပြီး ဘာသာစုံဂုဏ်ထူးဖြင့် ()ဦး၊ ငါးဘာသာ()ဦး၊ လေးဘာသာ (၁၅)ဦး၊ သုံးဘာသာ(၃၉)ဦး၊ နှစ်ဘာသာ(၁၁၉)ဦး၊ တစ်ဘာသာ(၂၆၈)ဦး ရှိကြောင်း မြို့နယ်ပညာရေး ဦးစီးဌာနမှ စာရင်းဇယားများအရ သိရသည်။

ကျော်ကျော်ထွေး(ပြန်/ဆက်)