အမာ သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၅)နှစ်အောက် ကလေးများအားဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်တွင် စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမာမြို့ပေါ်(၄)ရပ်ကွက်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးများ အား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို အမာမြို့၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်ခင်ချောစုဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ ကြပြီး ကလေးများ ကိုယ်အလေးချိန်ပေးခြင်း၊ မိုးရာသီကာလအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေး ရောဂါများ မဖြစ်ပွားစေရေး ကလေးများကို ဂရုစိုက်ကြရန် ပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။
နော်လေး(အမာ)