မြင်းခြံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၁၄၉၆ ဦးရှိ

မြင်းခြံ  ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ ၁၄၉၆ ဦးရှိကြောင်း သိရှိရသည်။

မြင်းခြံမြို့နယ်တွင် (၆)ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၉)၊ (၃) ဘာသာဂုဏ်ထူးရှင် (၂၃) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၄၅) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၁၅၉) ဦး၊ ရိုးရိုးအောင်မြင်သူ ၁၂၅၀ ဦးတို့ အောင်မြင်ခဲ့ကြောင်း သိရှိရပြီး မြင်းခြံမြို့နယ်ချုပ် အောင်ချက် ရာခိုင်နှုန်းမှာ (၃၀.၃) ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မတ္တရာမြို့နယ်ရှိ စာစစ်ဌာန(၈) ၌ ကျောင်းသား/ကျောင်းသူ (၄၉၃၇)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရှိရသည်။

ကျော်စွာ(မြင်းခြံ)