ကျေးသီးမြို့နယ်၌ ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးတိုက်ကျွေး

ကျေးသီး   သြဂုတ်   ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်စျေးရပ်ကွက်၌ ကလေးငယ်များအား ဗီတာမင်အေ နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်(၆)လမှ (၅)နှစ်အထိကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် အသက်(၂)နှစ်မှ (၅)နှစ်အထိ ကလေးများအား သံချဆေးတိုက်ကျွေးခြင်းကို ကျေးသီးမြို့နယ် အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်သီသီနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး ဝမ်းလျှောဝမ်းပျက်ရောဂါ မဖြစ်စေရေး မိဘအုပ်ထိန်းသူများက အလေးထားဆောင်ရွက်ကြရန် ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ကျေးသီးမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် ရပ်ကွက်အလိုက် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သဲစုပိုင် (ပြန်/ဆက်)