နမ့်စန်(တ) သြဂုတ် ၁၁
ထိုင်းနိုင်ငံတွင်သွားရောက်နေထိုင်ခဲ့ပြီး နေရပ်အသီးသီးသို့ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ သည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့သို့ ယနေ့နံနက် ၃ နာရီ ခွဲက ရောက်ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်မှတာဝန်ရှိသူများက မော်တော်ယာဉ်(၃)စီးဖြင့် ရောက်ရှိဖြတ်သန်းလာသည့် မြန်မာအရွှေ့ပြောင်း အလုပ်သမား ကျား(၃၂) ဦး၊ မ(၁၉)ဦး၊ စုစုပေါင်း (၅၁) ဦးတို့အား မြို့အဝင်တွင် ကြိုဆိုခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းသို့ပြန်မည့် ခရီးသည် ၂ ဦးကို ဆက်လက်ချိတ်ဆက် ပို့ဆောင်ပေးခဲ့ကာ အခြား နေရပ်ပြန် ခရီးသည်များမှာ နံနက် ၃နာရီ ၄၅ မိနစ်တွင် တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)