မင်းတပ် မတ် ၂၆
ချင်းပြည်နယ် မင်းတပ်မြို့ အနောက်ရပ်ကွက် ၄ မိုင်၌ မင်းတပ်ကောလိပ် အဆောက်အဦးတည်ဆောက် နေမှုအား ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မင်းတပ်ကောလိပ်အဆောက်အဦး တည်ဆောက်ခြင်းလုပ်ငန်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မုံရွာမြို့ အဆောက်အဦး အထူးအဖွဲ့ (၁၀) မှ RC နှစ်ထပ်စာသင်ဆောင်နှစ်လုံး (ရေမီး အပါအဝင်)၊ RC နှစ်ထပ် ဆရာ/မအဆောင်နှစ်လုံး(ရေမီးအပါအဝင်)၊ RC တစ်ထပ် ဝန်ထမ်းနေအိမ် ခြောက်ခန်းတွဲနှစ်လုံး(ရေမီးအပါအဝင်)၊ ကျောင်းသား/သူ ၁၀၀ ဆံ့အိပ်ဆောင် RC နှစ်ထပ်နှစ်လုံး ဆောက်လုပ်နေမှုကို လည်းကောင်း၊ ကျောင်းဝင်းအတွင်းပြင်ပရေရရှိရေးလုပ်ငန်း၊ ကျောင်းဝင်းအတွင်း ပြင်ပလျှပ်စစ်မီးရရှိရေးလုပ်ငန်းနှင့် မြေနေရာပြုပြင်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ထားသည့် ကာလအတွင်း သတ်မှတ်အရည်အသွေး အတိုင်းပြည့်မီစေရန်နှင့် အချိန်မီပြီးမြောက်အောင် လုပ်ငန်းဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)