ကော့သောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများအား နံရံကပ်ပြဘုတ်တွင် ပြသ‌ဆောင်ရွက်

ကော့သောင်း သြဂုတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး‌ကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများအား ရုံးရှေ့မြေစိုက်ဘုတ်နှင့်  နံရံကပ်ပြဘုတ်များဖြင့်  ယနေ့နံနက်ပိုင်းမှ စတင်ကာ ပြသဆောင်ရွက်လျက်ရှိသည်။

အဆိုပါ  နံရံကပ်ပြဘုတ်တွင်  ပြည်သူများအတွက်  ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အသိပညာပေး အကြောင်းအရာများဖြစ်သည့် ရပ်ကွက်များ၊ ကျေးရွာအုပ်စုများတွင် ပထမအကြိမ် ကပ်ထားပေးသည့် မဲဆန္ဒရှင်စာရင်းများကို  ကြည့်ရှုနိုင်ရေး နှိုးဆော်ချက်များ၊  သြဂုတ်လ ၈ ရက်နေ့မှ  ၁၄ ရက်နေ့အထိ (၇) ရက်တိုးမြှင့် သတ်မှတ်သည့်  ကြေငြာချက်များနှင့်  မဲဆန္ဒရှင်စာရင်းကြည့်ရှုရာတွင်  မိမိအမည်မပါဝင်ပါက ပုံစံ-၃ ဖြင့်လည်းကောင်း၊ မပါဝင်သင့် သူများ ပါဝင်နေပါက ပုံစံ-၄ ဖြင့်  ကန့်ကွက်ခြင်းဖြင့် လည်းကောင်း၊ မဲစာရင်းအချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄ (ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်း လုပ်ငန်းများကို သိရှိနိုင်ရေးကြေငြာချက်များကို  ပြသဆောင်ရွက်ပေးခဲ့ရာ  ပြည်သူများက  စိတ်ပါဝင် စားစွာဖြင့်  လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ဥမ္မာချို (ခရိုင် ပြန်/ဆက်)