ဇလွန်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာနှစ်ရွာအား ရန်ပုံငွေ ထုတ်ချေးပေး

ဇလွန်  ဩဂုတ်  ၁၁

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာနှစ်ရွာအား ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့ နံနက် ၁၁ နာရီတွင် ဂျမ်းတိုက်ကျေးရွာနှင့် ညောင်ပင်လေးကျေးရွာတို့တွင် ပြုလုပ်ခဲ့သည်။

ထုတ်ချေးရာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကျေးရွာ နှစ်ရွာဖြစ်သော ဂျမ်းတိုက်ကျေးရွာ အုပ်စု ဂျမ်းတိုက်ကျေးရွာအတွက် ရန်ပုံငွေကျပ်သိန်း ၃၀၀၊ သရက်ချောင်း ကျေးရွာအုပ်စု ၊ ညောင်ပင်လေးကျေးရွာအတွက် ရန်ပုံငွေကျပ်သိန်း ၂၀၀ ထုတ်ချေးပေးအပ်ခဲ့ပြီး ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ်−၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relief Plan (CERP)အရ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)