ကျွန်းစုမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ကျွန်းစု ဩဂုတ် ၁၁

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြေစိုက်ပြဘုတ်၌ ယမန်နေ့ညနေပိုင်းမှစ၍ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

 အဆိုပါ အသိပညာပေး မြေစိုက်ပြဘုတ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော ကြေငြာချက်များ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မီးဘေးအတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်ရမည့်အချက်များ စသည့်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးစာစောင်များ ပြသထား ကြောင်းသိရသည်။

အသိပညာပေး မြေစိုက်ပြဘုတ်အား ပြည်သူများ အထွေထွေရွေးကောက်ပွဲဆိုင်ရာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ  အလွယ်တကူလာရောက် ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ပြသဆောင်ရွက်ထားကြောင်း သိရ သည်။

မင်းကျော်စော (ပြန်/ဆက်)