ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (CRCDF) အဖွဲ့က ပြည်သူများ ဆန်ပြတ်လပ်မှုမရှိစေရေး သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေး

ဖလမ်း မတ် ၂၆

ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (CRCDF) အဖွဲ့က ဖလမ်းမြို့တွင် နေထိုင်ကြသော ပြည်သူများအတွက် ဆန်ပြတ်လပ်မှု မရှိစေရေးအတွက် မိသားစု တစ်စုလျှင် ဆန်တစ်အိတ်နှုန်းဖြင့် ယနေ့မှစ၍ စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (CRCDF) အဖွဲ့က COVID-19 ရောဂါကြောင့် ပြည်သူများ ဆန်ပြတ်လပ်မှု မရှိစေရေးအတွက် ကလေးမြို့ရှိ ဆန်အိတ်(၁၇၀)ကို ဝယ်ယူပြီး ဖလမ်းမြို့ ပြည်သူများ အတွက် ယနေ့မွန်းတည့် ၁၂ နာရီတွင် ဖလမ်းမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းအနီး ဦးဟရမ်းလောမ်ထန်း နေအိမ်(သစ်)၌ မနောသုခ (အဟောင်း) ဆန်များကို သင့်တင့်သောဈေးနှုန်းဖြင့် အိမ်ထောင်စု တစ်စု တစ်အိတ်နှုန်းဖြင့် ပြန်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဂျွန်(ပြန်/ဆက်)