မြောင်းမြ သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း (ပထမအကြိမ်) ထုတ်ပြန်ကြေညာထားရှိမှုကို မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ယနေ့နံနက် ၁၀ နာရီက လှည့်လည် ကွင်းဆင်းစစ်ဆေးခဲ့သည်။
မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဆွေ၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်တာဝန်ရှိသူများသည် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ပထမအကြိမ် မဲဆန္ဒရှင်များ၏ အမည်စာရင်း ကြေညာထားမှုတွင် ရပ်ကွက်ပြည်သူများ လာရောက်ကြည့်ရှုသည့် အခြေအနေ၊ နိုင်ငံသားစိစစ်ရေးကပ်ပြား မရှိသေး သူနှင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်မှု အခြေအနေတို့ကို ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မဲစာရင်းများတွင် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)