ချင်းရွှေဟော် ဩဂုတ် ၁၁
လောက်ကိုင်ခရိုင်၊ ချင်းရွှေဟော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတွင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ၊ ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ မြန်မာ့ရုပ်ရှင်အနုပညာရှင်များ၏ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များနှင့် အခြား ကျန်းမာရေးဆိုင်ရာ အသိပညာပေး သုတ/ရသစာအုပ်များ ပါဝင်ပြသထားကြောင်း သိရသည်။
ထိုသို့ ပြည်သူ့စာကြည့်တိုက်၌ ပြသထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲကို စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုခဲ့ကြသည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ၎င်းပြပွဲကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ပြသဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)