ကြံခင်း ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် တက္ကသိုလ်ဝင်တန်း ပါဝင်ဖြေဆိုကြသူများမှ Top Ten အဆင့်ဖြင့် အောင်မြင်သူ (၃)ဦးရှိကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းတွင် တစ်နိုင်ငံလုံး ဖြေဆိုအောင်မြင်သူများ စာရင်းအား ဩဂုတ်လ ၉ ရက်နေ့က အွန်လိုင်းမှ ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဝက်ဆိုက်ဘ်မှ ကြေညာရာတွင် ကြံခင်းမြို့နယ် အတွင်းမှ Top Ten အဆင့်ဖြင့် အောင်မြင်ခဲ့ကြသော အတွဲ(၂) ဝိဇ္ဇာဘာသာတွဲဖြင့် အခြေခံပညာ အထက်တန်းကျောင်း၊ ရေနံတောင်မှ ကျောင်းသား မောင်ဝေယံလင်းကျော်က အဆင့်(၁)ဖြင့် ထူးချွန်စွာ အောင်မြင်ပြီး၊ ကျောင်းသူ မစုပိုပိုအောင်က အဆင့်(၂)ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြကြောင်းနှင့် အလွတ်ဖြေသော ကျောင်းသား မောင်မင်းခန့်စည်သူက အတွဲ(၁) ဝိပ္ပံဘာသာတွဲဖြင့် အဆင်(၈) ရရှိပြီး ထူးချွန်စွာ အောင်မြင်ခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်မှု ရာနှုန်းသည် ၃၅.၃၁ ရာနှုန်းရှိကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)