နမ့်စန်မြို့တွင် မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသူ ဦးရေ ၅၀၀၀ ခန့်ရှိပြီး လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူ ဦးရေ ၁၀၀၀ ကျော်ရှိ

နမ့်စန်(တ)     ဩဂုတ်   ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင်  ဇူလိုင်လ ၂၅ ရက်မှစတင်၍ ပထမအကြိမ် ထုတ်ပြန်ကြေငြာထားပေးရာ ယနေ့အထိ မဲစာရင်း လာရောက်ကြည့်ရှုသူဦးရေ ၅၀၀၀ ဦးခန့်ရှိပြီး လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ ၁၀၀၈ ဦး ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ယမန်နေ့အထိ မဲစာရင်း၌ အမည်စာရင်းမပါရှိ၍ ပုံစံ(၃) ဖြင့် လာရောက် လျှောက်ထားသူ (၃၀၃) ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက် ကန့်ကွက်သူ (၁၆၃)ဦး၊ မဲစာရင်း တွင် ကိုယ်ရေးအချက်အလက်များ မှားယွင်းနေသဖြင့် ပြင်ဆင်ရန် လာရောက်လျှောက်ထားသူ (၅၄၂) ဦး ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် (၁၁) ခုနှင့် ကျေးရွာအုပ်စု (၂၀)တို့တွင် လက်ရှိ အချိန်ထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၈၉၄၀၃ ဦး ရှိပြီး လျာထားမဲရုံအရေအတွက်မှာ (၁၀၃)ရုံ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သူရအောင်(ပြန်/ဆက်)