ကျေးသီး သြဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်စည်ပင်သာယာဈေး၌ လည်ပင်ကြီးရောဂါ ကာကွယ်ရန်အတွက် အိုင်အိုဒင်းဓာတ်ပါမပါ ဆားထုတ်များအား ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသက်နိုင်ထွန်း၊ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်သီသီနိုင် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်း များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါပြီး မြို့နယ်စည်ပင်သာယာဈေးအတွင်း ရောင်းချသည့် ဆားများတွင် အိုင်အိုဒင်း ဓာတ်ပါမပါ စမ်းသပ်စစ်ဆေးခဲ့ပြီး ပြည်သူများ လည်ပင်ကြီးရောဂါ ကာကွယ်နိုင်ရန် နည်းလမ်းများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)