ကရသူရိ သြဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း တွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လက ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို သြဂုတ်လ ၉ ရက်နေ့၊ နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန (ဝက်ဘ်ဆိုက်) များမှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာခဲ့ရာ ကရသူရိမြို့တွင် (၂၃.၃၃) ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။
ကရသူရိမြို့တွင် ၂၀၁၉−၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘုတ်ပြင်း စာစစ်ဌာနမှ ကျောင်းသား/ ကျောင်းသူ (၃၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ ဖြေဆိုအောင်မြင်သူမှာ ကျား(၂)ဦး၊ မ(၅)ဦး၊ စုစုပေါင်း(၇)ဦးဖြင့် (၂၃.၃၃) ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)