စဉ့်ကိုင် သြဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၀−၂၀၂၁ ပညာသင်နှစ် Grade-4 သင်ရိုးသစ်(နောက်ဆက်တွဲ) သင်တန်းဆင်းပွဲနှင့်အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက တရုတ်စုရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။
ရှေးဉီးစွာမြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက Grade-4 သင်ရိုးသစ်(နောက်ဆက်တွဲ) သင်တန်းတက်ရောက်သင်ကြားခဲ့သော ဘာသာရပ်များကို လက်တွေ့၌ စနစ်တကျအကျိုးရှိစွာ ပြန်လည်သင်ကြားရေးရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ ကျန်းမာရေးဦးစီး ဌာနမှ ဆရာမကြီ: ဒေါ်နုနုလွင်က ကိုဗစ်−၁၉ကူးစက် ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ကြားချက်များနှင့် အညီလိုက်နာဆောင်ရွက်ရမည့်အချက်များဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဒေါ်ဝင်းဝင်းသန်းက မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန် ကြေညာထားမှုနှင့် ပတ်သက်၍ မဲစာရင်းတွင် မိမိအမည်ပါ /မပါစစ်ဆေးခြင်း၊ မဲစာရင်းပါအချက်များမှားယွင်းနေပါက ပြင်ဆင်လွှာများ လျှောက်ထားနိုင်ကြောင်းအသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီ: ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသောမဲဆန္ဒရှင် စာရင်းတွင်သင့်အမည် ပါဝင်ပါသလား လက်ကမ်းစာစောင်များ ဖြန်ဝေခဲ့ကြောင်းသိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်/ဆက်)