မိုးကုတ်မြို့နယ် လယ်ဦးအုပ်စု ဓာတ်တော်ပျားစွဲလူးလုပ်ကွက်ဟောင်း မြေပြိုကျရာမှ ကျောက်ရှာသူ သုံးဦးပိတ်မိ

မိုးကုတ်   ဩဂုတ်  ၁၁

မိုးကုတ်မြို့နယ် လယ်ဦးအုပ်စု ဓာတ်တော်ပျားစွဲ လူးလုပ်ကွက်ဟောင်းမှာ ယနေ့ညနေ ၄ နာရီခွဲ အချိန်က မြေပြိုကျမှုဖြစ်ပွားခဲ့သည်။

အဆိုပါ မြေပြိုကျမှုကြောင့် ကျောက်ရှာသူ သုံးဦးပိတ်မိနေသဖြင့် မီးသတ်တပ်ဖွဲ့များ၊ ကယ် ဆယ်ရေးတပ်ဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များမှ သွားရောက်ကယ်ဆယ်လျက်ရှိသည်။ အဆိုပါ ပိတ်မိနေသူ ၃ ဦးအနက် ၂ ဦးမှာ ပြန်လည်ထွက်ရှိလာနိုင်ခဲ့ပြီး ကျန်တစ်ဦးအား ဆက်လက်ရှာဖွေ ကယ်ဆယ်လျက်ရှိကြောင်းနှင့် အဆိုပါ မြေပြိုကျမှု ဖြစ်ပွားရာနေရာမှာ ကား၊ ဆိုင်ကယ်များသွား လာရန် အလွန်ခက်ခဲကြောင်း သိရသည်။

ကျော်ဇေယျာမြင့်(ပြန်/ဆက်)