နေပြည်တော် မတ် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒကိ္ခဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရထားဘူတာနှင့် ကားဂိတ်များတွင် ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ထားရှိမှုများအား နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် တာဝန်ရှိသူများက ယနေ့၊ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော် ပြည်သူ့ ကျန်းမာရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာနှင့် ဝန်ထမ်းများ၊ ဒက္ခဏခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပျဉ်းမနားရထားဘူတာနှင့် ဘောဂသီရီကားကြီးကွင်းအတွင်းရှိ ကားဂိတ်များ၊ လက်မှတ်ရောင်းချရာနေရာများတွင်ခရီးသွားပြည်သူ့များနှင့် ဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများ၊ ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများအသုံးပြုနိုင်ရန်အတွက် လက်ဆေးကန်များ နှင့် HAND SANITIZER ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)