မုံးကိုး မတ် ၂၅
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင် ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရပ်ကွက်များအတွင်း လှည့်လည်၍ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရန် အချက်များကို ကချင် ဘာသာစကား၊ ဗမာဘာသာစကား၊ တရုတ်ဘာသာစကားများဖြင့် လှည့်လည်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သန်းဇော်ဦး(ပြန်ဆက်)