ကျိုင်းတုံ မတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်နွန်းပူးပေါင်းဂိတ်၌ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် တာချီလိတ်၊ မိုင်းဖြတ်မြို့များမှ ပြန်လည်ရောက်ရှိလာသည့် ကျိုင်းတုံမြို့နေ ပြည်သူများ၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး ကိစ္စရပ်များ ဆောင်ရွက်ရန် ကျိုင်းတုံမြို့သို့ လာရောက်သည့် အခြားမြို့နေ ပြည်သူများအား Infrared Thermometer စက်(၃)လုံးဖြင့် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကူးစက်ခံရခြင်း ရှိ/မရှိ ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံမြို့တွင် ပြည်သူများ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်တားဆီးကာကွယ်ရေး အသိပေးချက်များကို တာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်လျက်ရှိပြီး ရောဂါကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ၊ နံရံကပ်စာစောင်များနှင့် ကျန်းမာရေးအသိပညာပေး ပိုစတာများကို မြို့တွင်းလူစည်ကားရာ နေရာများ၌ ပြသထားရှိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)