ခါမ်းပါတ် မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခါမ်းပါတ်မြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်များကို ခါမ်းပါတ်မြို့မစျေး၊ ဘုတ်ကန် ကျေးလက်စျေးနှင့် ကနန်ကျေးလက်စျေးတို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း မြို့စည်ပင်သာယာရေးကော်မတီအမှုဆောင်အရာရှိ ဦးအောင်ဝင်းထံမှ သိရှိရသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို စျေးများအတွင်းရှိ သား၊ ငါး ရောင်းချသော နေရာများ၊ ရပ်ကွက်ကျေးရွာများရှိ သားသတ်ခုံနေရာများတွင် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဇော်ဝင်းထွန်း