မိုင်းဆတ်မြို့မဈေးတွင် ဘာသာစကား (၃) မျိုးဖြင့် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းဆတ်  မတ်  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့မဈေးအတွင်းနှင့် ဈေးရှေ့၌ ယနေ့ နံနက်(၇)နာရီချိန်တွင် ကျန်းမာရေးဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေးပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။       

ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက ဈေးတွင်း အသား၊ ငါးတန်း၊ ကုန်ခြောက်တန်း၊ အဝတ်အထည်ရောင်းဈေးတန်းနှင့် ဈေးဝယ်လာသူများ၊ ဈေးရှေ့ ဖြတ်သန်း သွားလာသူများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရမည့်နည်းလမ်းများကို မြန်မာဘာသာ၊ ရှမ်းဘာသာ၊ လားဟူဘာသာ စသည့်ဘာသာစကား(၃)မျိုးဖြင့် အသိပညာပေးခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် ကြိုတင်ကာကွယ်ရန် လူစည်ကားရာ နေရာများတွင် အသိပညာပေး ကြော်ငြာပိုစတာ ကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)