မိုးကုတ် ဩဂုတ် ၁၂
ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ ကျောက်ပြဿဒ် ကျေးရွာ ၊ ကုဋေကုဋာလုံလျှိုကျောက်မျက်တူး ဖော်ရေးလုပ်ကွက်ဟောင်းအတွင်း တွင်းအနက် ၂၅၀ ပေခန့်ရှိ လူးလက်ကြား၌ ယနေ့ ညနေ ၃ နာရီခန့်က ရေပေါက်ကာတွင်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါတွင်းပြိုကျမှုကြောင့် တွင်းအတွင်းရှိ နေသူ ၇ ဦးအနက် ၅ ဦးမှာ လွတ်မြောက်ခဲ့ပြီး ကျန် ၂ ဦးမှာ တွင်းအတွင်း ပိတ်မိကျန်ခဲ့ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးမှ အနီးကပ်ကြီးကြပ်၍ကယ် ဆယ်ရေးအဖွဲ့များမှ ဆက်လက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသတင်း ရရှိပါသည်။
ဇင်မင်းထွန်း (ပြန်/ဆက်)