အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ မန်ဂျယ်ပြည်သူ့စစ်ဌာနေမှ ပန်ဆိုင်း (ကြူကုတ်)မြို့ပေါ်ရှိ အခြေခံလူတန်းစားများအတွက် ဆန်နှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလှူဒါန်း

ပန်ဆိုင်း(ကြူကုတ်)မြို့   သြဂုတ် ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ပေါ်ရှိ အခြေခံလူတန်းစားများ အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချူပ် ကွပ်ကဲမှု့အောက်ရှိ ဌာနေမန်ဂျယ်ပြည်သူ့စစ်က ဆန်များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ၂နာရီအချိန်က ရပ်ကွက်(၅)ရှိ တရုတ်စာသင်ကျောင်း ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။   

အခမ်းအနားတွင် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၅၆၀)နှင့် အခြားသော နွမ်းပါးသူ လူတန်းစားများအတွက် ဆန်အိတ်(၈၀၀)နှင့်နှာခေါင်းစည်း(၂၀၀၀၀)ခု (Arbidol Hydrochloride tables) (၂၃၀)ဘူး၊ မျက်မှန်ကြည် (၂၃၀)ခု၊ စုစုပေါင်းတန်ဖိုးကျပ် (၂၈၀)သိန်းကို မန်ဂျယ်ပြည်သူ့စစ်မှ ဦးကျော်ဝင်း၊ ဦးရန်ရင့်ဝှာ၊ ဦးအားလော့၊ ဦးအောင်သန်းထွန်း တို့မှ မြို့အုပ်ချူပ်ရေးမှူး ဦးစိုင်းနော်မိန်းနှင့် ရပ်မိရပ်ဖတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းပေးအပ်ခဲ့သည့် ပစ္စည်းများကို ဩဂုတ်လ(၁၁)ရက်နေ့တွင် ရပ်ကွက်(၁)၌ လည်းကောင်း၊ သြဂုတ်လ(၁၂)ရက်နေ့တွင် ရပ်ကွက်(၅)၌လည်းကောင်း၊ ဩဂုတ်လ(၁၃) ရက်နေ့ (၃)နာရီတွင် ရပ်ကွက်(၂)၌ အခြေခံလူတန်းစားအိမ်ထောင်စု (၅၀)အတွက် တစ်အိမ်ထောင်လျှင် ဆန်(၁၀)ပြည်ပါ ဆန်တစ်အိတ်နှင့် နှာခေါင်းစည်း၊ ကိုဗစ်ကာကွယ်ဆေး (၂)ဘူးကို အခြေခံ လူတန်းစားပြည်သူများ လက်ဝယ်အရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျန်ရှိနေသေးသည့်ရပ်ကွက်(၂)ရပ်ကွက်ကို လှူဒါန်းထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မန်ဂျယ်ပြည်သူ့စစ်မှ တာဝန်ရှိသူ ဦးကျော်ဝင်းက ပြောကြားကြောင်းသိရသည်။             

အယ်လ်စိုး(မူဆယ်)