COVID-19 အကြောင်း Free talk တီးတိန်၌ ပြုလုပ်

တီးတိန်    မတ်    ၂၄

ချင်းပြည်နယ် တီးတိန်မြို့တွင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင် ဦးဆောင်ပြီး COVID-19 အကြောင်း Free talk လွတ်လပ်စွာ​ ပြောဆိုဆွေးနွေးခြင်းကို ကုတင် (၁၀၀) ဆံ့ အထွထွေရောဂါကု ဆေးရုံတီးတိန်ခန်းမဆောင်၌ ယမန်နေ့ညနေ ၅ နာရီက ပြုလုပ်သည်။

Free talk တွင် ဆေးရုံအုပ်က COVID-19 (တစ်ကမ္ဘာလုံးအခြေအနေ) ၊ မြန်မာနိုင်ငံအခြေအနေ၊ ရောဂါ၏လက္ခဏာများ၊ ကူးစက်သည့် နည်းလမ်းများနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်း များ ဆွေးနွေးသည်။

ဆက်လက်၍ ကူးစက်မြန်ရောဂါနှင့် သက်ဆိုင်သော ဥပဒေပုဒ်မများကို မြို့နယ်ဥပဒေအရာရှိ ဦးမြင့်နိုင်ဦးက ဆွေးနွေးသည်။ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဂိုဆွင်းခိုင်က ချင်းပြည်
နယ်အစိုးရအဖွဲ့နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ COVID-19 နှင့် ပတ်သက်သော
ညွှန်ကြားချက်များ ဆွေးနွေးသည်။

အဆိုပါ Free talk တွင် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းများ၊ မြို့မိမြို့ဖများ၊ လူမှု
ရေးအသင်းအဖွဲ့များ၊ တည်းခိုခန်းပိုင်ရှင်များ တက်ရောက်ပြီး COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးများ ဆွေးနွေး​​ကြကြောင်း သိရသည်။

ဒိုင်းဒိမ့် (ပြန်/ဆက်)