ကယားပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

လွိုင်ကော် မတ် ၂၄

ကယားပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ရောဂါ ဖြစ်ပွားလာပါက ကုသ ဆောင်ရွက်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် သီးခြားဆေးကုသ ဆောင်များ ပြင်ဆင်ဆောင်ရွက် နေမှုအား ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ၊ ကယားပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က ယနေ့နံနက် (၁၁) နာရီအချိန်က လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ သွား ရောက်ကြည်ရှု စစ်ဆေးမှုများ ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးနှင့် တာဝန်ရှိသူတို့က လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အတွင်းရှိ လူနာဆောင်များအားကြည့်ရှုစစ်ဆေးခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားလာပါက လူနာများအား သီးခြားထားရှိမည့်အခန်းများ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ တို့ကိုကြည့်ရှုပြီး လုပ်ငန်းများအမြန်ပြီးစီးဆောင်ရွက်ထားကြရန်၊ ကျန်းမာရေးဝန်ထမ်းများကလည်း ကယားပြည်နယ်အတွင်းရှိ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာခဲ့သည့် ပြည်သူများကိုလည်း စစ်ဆေးစောင့်ကြည့်မှုများကို သတိပြုလုပ်ဆောင်သွားကြရန် ၊ သံသယ လူနာများရှိပါက သေခြာစွာ စောင့်ကြပ် ကြည့်ရှုကုသ ခြင်းများဆောင်ရွက်ပေးသွားကြရန် လမ်းညွန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းလေး