မဘိမ်းမြို့နယ်တွင် စိုက်ပျိုးရေးသုံးပစ္စည်းများ သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မဘိမ်း     ဩဂုတ်     ၁၃        

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စိုက်ပျိုးရေး သုံး ပစ္စည်းများအား သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိတို့ကို ယမန်နေ့က ဘဟဲကျေးရွာအုပ်စုနှင့် မလှိုင်ကုန်းကျေးရွာအုပ်စုများရှိ ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်မာကြည် နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဘဟဲကျေးရွာအုပ်စုနှင့် မလှိုင်ကုန်းကျေးရွာအုပ်စုများရှိ ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော စိုက်ပျိုးရေးသုံး ပစ္စည်းများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးတို့အား သုံးစွဲသည့် တောင်သူများ အဆင်ပြေနိုင်စေရးအတွက် သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ပြည်စုံမှု ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြန်မာဘာသာဖြင့် ဖော်ပြရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့်အချက်များနှင့်အညီ စနစ်တကျလိုက်နာစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)