ပင်လောင်း ဩဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မိခင်နှင့် ကလေး ကျန်းမာရေးဌာနတွင် ယနေ့က မြို့ပေါ်ရပ်ကွက်များရှိ အသက်ခြောက်လမှ ငါးနှစ်အောက် ကလေးသူငယ်များ အား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။
ပင်လောင်းမြို့ပေါ်ရှိ ရပ်ကွက်(၁၀)ရပ်ကွက်မှ လာရောက်သည့် ကလေးများအား ကာကွယ် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများအား မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်ဥမ္မာချို၊ ဘက်စုံသားဖွားဆရာမ ဒေါ်နန်းခင်မြသိန်းနှင့် ကျန်းမာရေးဝန်ထမ်းများက စုပေါင်းဆောင်ရွက် ပေးလျက်ရှိရာ ငါးနှစ်အောက်ကလေးများစာရင်းအား စနစ်တကျကောက်ယူ၍ ဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ရာ ငါးနှစ်အောက် ကလေး(၆၀၀)ကျော် ရှိမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမားရေးဌာနနှင့် ကျေးလက် ကျန်းမာရေးဌာန (ခွဲ) များတွင်လည်း တာဝန်ကျ ဆရာမများက ကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)