မိုးနဲမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသော သက်ကြီးဘိုးဘွားများအား ကိုရိုနာဗိုင်းရပ်စ် အကြောင်း အသိပညာပေး

မိုးနဲ မတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည်  မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်ယူသည့် သက်ကြီး ဘိုးဘွားများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး လုပ်ငန်းများကို မိခင်နှင့် ကလေးကျန်းမာရေးဌာန အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်သင်းလဲ့လဲ့ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ပင်စင်လာရောက် ထုတ်ယူသော သက်ကြီး ဘိုးဘွားများနှင့် ဘဏ်ဝန်ထမ်းများအား ကိုယ်အပူတိုင်းတာ စစ်ဆေးခြင်း၊ ကိုယ်ခံအား ကောင်းမွန်သော အစားအစာများ စားသုံးကြရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေး အထူးဂရုပြု အလေးထား ကြရန်၊ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ဖြစ်ပွားမှုအား ကြိုတင်ကာ ကွယ်ရမည့် နည်းလမ်း များ၊ လူစည်ကားရာ နေရာများ သွားရောက်ပါက ဆောင်ရန်၊ ရှောင်ရန်များ ၊ မှန်ကန် ထိရောက်သည့် လက်ဆေးခြင်း နည်းစနစ်များကို အသိပညာပေး ပြောကြားခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း မိုးနဲမြို့ မြန်မားစီးပွားရေးဘဏ်ခွဲ မန်နေဂျာ ဦးစိုင်းစိုးမိုး၏ ပြောကြာချက်အရ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)