ကျောက်မဲမြို့နယ် ပန်ဟတ်ကျေးရွာမူလတန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကျောက်မဲ     ဩဂုတ်   ၁၃ 

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက်  မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်များ မဲပေးပိုင်ခွင့် မဆုံးရှုံး စေရေးအတွက် ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်နှင့် ဝန်ထမ်းများက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက  တံခွန်တိုင်ကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာ မူလတန်းကျောင်းတွင်  အသက် ၁၈ နှစ်ပြည့်ပြီး ကျေးရွာ ပြည်သူ  ၃၆ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ယနေ့အထိ ကျောက်မဲမြို့နယ် အတွင်းရှိ ရပ်ကွက် ၃ ရပ်ကွက်နှင့်       ကျေးရွာအုပ်စု ၁၇ အုပ်စုမှ   နိုင်ငံရေးစိစစ်ရေးကတ်ပြားမရှိသေးသော ပြည်သူ ၅၁၆ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ပြီးကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)